Movies & Series

ဘော်စတွန်ဗုံးပေါက်မှုကို အခြေခံရိုက်ကူးထားတဲ့ ဒရာမာရုပ်ရှင် Stronger

2016 တုန်းက မင်းသားကြီး Mark Wahlberg တယောက် ဘော်စတွန်က ရဲအကြပ်လေး တွမ်မီအဖြစ်ပါဝင်ခဲ့တဲ့ Patriots Day ရုပ်ရှင်ကို မှတ်မိကြမယ်ထင်ပါတယ်။ 2016 အတွက် အကောင်းဆုံးရုပ်ရှင်တွေထဲက တကားအဖြစ် ချီးကျူးမှုတွေရခဲ့ပြီး အဆိုပါ ဖြစ်ရပ်မှန် ဗုံးပေါက်ကွဲမှုကိုပဲ အခြေခံထားတဲ့ Stronger အမည်ရ ဒရာမာရုပ်ရှင် ထွက်ရှိလာပါတော့မယ်။ Patriots Day ဟာ ဘော်စတွန်သားတွေရဲ့ […]

Movies & Series

Avatar ရုပ်ရှင်တွေ ထွက်ရှိမည့်နေ့စွဲ စတင်ရိုက်ကူးမည့်ရက်ကြေညာ

Avatar ရုပ်ရှင်တွေရဲ့ ထုတ်လုပ်သူ Jon Landau က 2017 စက်တင်ဘာ 25 ရက်နေ့မှာ Avatar sequels ကို စတင်ရိုက်ကူးမယ်လို့ ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။ ရုပ်ရှင်အတွက် pre production ကိုတော့ ဧပရယ်လထဲက စတင်ခဲ့တာပါ။ စပိန်က ဘာစီလိုနာမှာရောက်နေတဲ့ Landau ကတော့ ဒါရိုက်တာ Cameron ဟာ Avatar ရုပ်ရှင်တွေအတွက် […]

Movies & Series

Overseas မှာ အဓိကအောင်မြင်တဲ့ ရုပ်ရှင်ကားကြီးဖြစ်လာနိုင်တဲ့ ‘Transformers 5’

Transformers ရုပ်ရှင်တွေ 10နှစ်ပြည့်ဖြစ်ပြီး နောက်ဆုံးထွက် ဟောလိဝုဒ် big-budget ရုပ်ရှင်လည်းဖြစ်တဲ့ ‘Transformers 5’ ဟာ အမေရိကန်မှာထက် ပြင်ပရပ်ခြားတွေမှာ ပိုမိုအောင်မြင်တဲ့ ရုပ်ရှင်ကားဖြစ်လာမယ်လို့ အကြိုခန့်မှန်းမှုတွေ ထွက်လာပါတယ်။ Paramount နဲ့ Hasbro တို့က ထုတ်လုပ်ပြီး ဒါရိုက်တာ Michael Bay ရိုက်ကူးတဲ့ Transformers ရုပ်ရှင်ကို အင်္ဂါနေ့ညမှာ အကြိုပြသခဲ့တာပါ။ ဗုဒ္ဓဟူးနေ့မှာတော့ […]

Comic

စက်တင်ဘာမှာ ထွက်ရှိလာမယ့် John Wick ကောမစ်စာအုပ်

မနှစ်ကနှစ်ကုန်ပိုင်းမှာ ကြေညာထားတဲ့ John Wick ကောမစ်စာအုပ်တွေ ဒီနှစ် စက်တင်ဘာလထဲမှာ ထွက်ရှိလာပါတော့မယ်။ John Wick origin ဇာတ်လမ်းဖြစ်တယ်လို့ သိရပါတယ်။ Greg Pak (Marvel’s The Totally Awesome Hulk, DC’s Action Comics)က ဇာတ်လမ်း ရေးသားမှာဖြစ်ပြီး Giovanni Valletta က ရေးဆွဲပေးမှာပါ။ ကောမစ်ဟာ […]

Movies & Series

Mark Wahlberg နောက်ဆုံးရိုက်ကူးတဲ့ Transformers ရုပ်ရှင်ဖြစ်လာတဲ့ Transformers 5

Transformers: The Last Knight ရုပ်ရှင်ဟာ ဒီအပတ်မှာပဲ ရုပ်ရှင်ရုံတွေပေါ် ရောက်လာပါတော့မယ်။ Transformers ပရိသတ်အနေနဲ့ စက်ရုပ်စစ်သည်တော်တွေကို အရမ်းချစ်မြတ်နိုးကြပေမယ့် ရုပ်ရှင်မှာပါတဲ့ လူသားကာရိုက်တာတွေကိုတော့ သိပ်ကြီး ဂရုစိုက်ကြတာမျိုး မဟုတ်ပါဘူး။ ဒါရိုက်တာ Michael Bay ရဲ့ ပထမဆုံး Transformers trilogy မှာတော့ မင်းသား Shia LaBeouf က အဓိက […]

Movies & Series

War For The Planet Of The Apes အတွက် နောက်ဆုံး Trailer ထွက်ရှိလာပါပြီ

မျှော်လင့်ထားတဲ့ ရုပ်ရှင်ကို ကြည့်ရဖို့ဆိုရင် တလဟာလည်း အတော်ကိုကြာပါတယ်။ ဂျူလိုင်မှာ ရုံတင်တော့မယ့် Planet Of The Apes ရုပ်ရှင်ရဲ့ နောက်ဆုံး Trailer ထွက်ရှိလာပြီဖြစ်ပြီး Caesar နဲ့ သူ့ရဲ့နောက်လိုက်တွေဟာ အခက်ခဲဆုံးသော စိန်ခေါ်မှုတွေ ရင်ဆိုင်ရဖို့ဖြစ်လာတာကို မြင်တွေ့ရပါမယ်။ Planet of the Apes ရုပ်ရှင်တွေဟာ 1968 ထဲက ရိုက်ကူးခဲ့တာဖြစ်ပြီး […]

Movies & Series

Box Office: ‘Cars 3’ ထိပ်ဆုံးကိုရောက်လာပြီး ၀င်ငွေစံချိန်တင်ဆဲဖြစ်တဲ့ ‘Wonder Woman’

ဒီအပတ်မှာ မြောက်အမေရိက box office ရဲ့ ၀င်ငွေအကောင်းဆုံး ရုပ်ရှင် 10 ကားစာရင်းမှာ ရုပ်ရှင်ကားသစ် လေးကား ပါဝင်လာပါတယ်။ ဒါ့ပြင် ‘Wonder Woman’ ၀င်ငွေဆက်လက်ကောင်းနေခဲ့ပြီး overseas မှာတော့ ‘The Mummy’ က အခြေအနေကောင်းခဲ့ပြန်ပါတယ်။ Disney နဲ့ Pixar တို့ရဲ့ ‘Cars 3’ ဟာ ဒီအပတ် […]

Movies & Series

ရုပ်ရှင်မိတ်ဆက် – Boychoir (American)

စိတ်ဓါတ်ရေးရာ ထိခိုက်နေတဲ့ လူငယ်တယောက်ဘ၀ကနေ မျှော်လင့်ချက် အလင်းရောင်ကို ရှာဖွေနိုင်ခဲ့တဲ့ လူငယ်လေးတယောက်အကြောင်း ဖော်ကျူးထားတဲ့ Boychoir အမည်ရ ဟောလိဝုဒ် ဒရာမာရုပ်ရှင်တကားနဲ့ မိတ်ဆက်ချင်ပါတယ်။ ဒရာမာတွေပဲရိုက်လေ့ရှိတဲ့ ပြင်သစ်-ကနေဒါ ဒါရိုက်တာ François Girard ရိုက်ကူးတာပါ။ ဇာတ်လမ်းပိုင်း နည်းနည်းပြောရရင် Stet ဆိုတဲ့ကောင်လေးဟာ အိမ်ထောင်ကွဲမိခင်နဲ့ အတူနေထိုင်သူပါ။ မိခင်ဖြစ်သူက အရက်စွဲနေသူဖြစ်ပြီး သူမရဲ့အုပ်ထိန်းနိုင်စွမ်း အားနည်းမှုအောက်မှာ Stet […]

Movies & Series

တရားဝင်ထုတ်လွှင့်ရက်မတိုင်ခင် စီးရီးအကြိုပြသမှုမျိုး ပြုလုပ်တော့မှာ မဟုတ်တဲ့ HBO ရဲ့ Game of Thrones 7

HBO ရဲ့ နာမည်ကျော်တီဗီစီးရီး Game of Thrones 7 ဟာ ထွက်ရှိဖို့ တလပဲလိုပါတော့တယ်။ စီးရီးသစ်ကိုတော့ တရားဝင်ထုတ်လွှင့်ရက်မတိုင်ခင် တီဗီဝေဖန်းရေးတွေကို အကြိုပြသမှုမျိုး ပြုလုပ်တော့မှာ မဟုတ်ဘူးဆိုတဲ့သတင်းတွေ ထွက်ရှိလာပါတယ်။ တီဗီစီးရီးတွေးဟာ ပုံမှန်အားဖြင့်တော့ ရုပ်ရှင်ဝေဖန်ရေးတွေကို အပိုင်းအနည်းငယ် ပြသလေ့ရှိတာပါ။ တီဗီစီးရီးတွေ တရားဝင် ထုတ်လွှင့်ပြသမှု မပြုလုပ်ခင်မှာ စီးရီးဇာတ်ကြောင်း အနည်းငယ်လောက်ကိုပြသတာဖြစ်တယ်။ ဒါပေမယ့် လွန်ခဲ့တဲ့နှစ်နှစ်က […]

Movies & Series

အမေရိကန်မှာထက် နှစ်ရက်စောပြီး တရုတ်မှာကြည့်ရမယ့် The Last Knight

2007 ခုနှစ်မှာ စတင်ခဲ့တဲ့ Transformers ရုပ်ရှင်တွေဟာ ဆယ်ဆုနှစ်တခုရှိလာခဲ့ပြီဖြစ်ပြီး ဒီလထဲထွက်လာတော့မယ့် Transformers ရုပ်ရှင်အသစ်ကိုတော့ ပထမဆုံးကြည့်ရူ့ခွင့်ကို တရုတ်မှာရရှိမှာဖြစ်ပါတယ်။ Transformers: The Last Knight ရုပ်ရှင်ကို မြောက်အမေရိကမှာတော့ ဇွန်လ 23 ရက်မှ ဖြန့်ချီမှာဖြစ်ပေမယ့် တရုတ်မှာတော့ ဇွန်လ 21 ရက်မှာ စတင်ရုံတင်မှာပါ။ တရုတ်ပြည်ရဲ့ ထိပ်တန်းအွန်လိုင်းလက်မှတ် အရောင်ဌာနကြီးဖြစ်တဲ့ Weying […]