mgid-ao-image-mtv

ဟစ်တလာအဖြစ် သရုပ်ဆောင်ဦးမယ့် Ramsay Bolton

Game of Thrones ရဲ့ အော့ကြောလန် ဗီလိန်ဇာတ်ကောင် Ramsay Bolton ဇာတ်ကောင်နဲ့ ကျော်စောတဲ့ ဝေလလူမျိုးသရုပ်ဆောင် Iwan Rheon ဟာ မဟာဗီလိန်တွေအဖြစ် သရုပ်ဆောင်ရတာ နှစ်ခြိုက်ပုံပေါ်ပါတယ်။ အပိုင်း ၈ ပိုင်း ပါဝင်မယ့် TV Movie ဟာသစီးရီး Urban Myths မှာ Iwan ဟာ ဟစ်တလာအဖြစ် ပါဝင်သရုပ်ဆောင်ဦးမှာပါ။

ဒါပေမယ့် Iwan ရဲ့ ဟစ်တလာ ဟာ ဂျာမနီပြည်ကြီးရဲ့ အာဏာရှင်မဖြစ်သေးခင်က ပန်းချီဆရာဖြစ်ဖို့ကြိုးစားနေဆဲ ငယ်ဘဝ ဟစ်တလာ ဖြစ်ပါတယ်။ အနုပညာကျောင်းဝင်ခွင့်ငြင်းပယ်ခံလိုက်ရတဲ့ “Adolf the Artist” အနုပညာသည်အဒေါ့ဖ်ဟစ်တလာ ကိုတော့ Trailer အသစ်မှာ တစ်စွန်းတစ် တွေ့မြင်ရမှာ ဖြစ်ပြီး၊ Harry Potter နာမည်ကျော်စတား Rupert Grint (Ron) ကိုလည်း အမည်မသိ ဟစ်တလာရဲ့ သူငယ်ချင်းအဖြစ် မြင်ရမှာပါ။

Urban Myths စီးရီးဟာ နာမည်အတိုင်းပဲ ပါးစပ်ရာဇဝင်တွေကို ဟာသလုပ်ရိုက်မယ့် ဗြီတိန်စီးရီးဖြစ်ပြီး၊ စက်တင်ဘာ၁၁ရက်နေ့ အကြမ်းဖက်တိုက်ခိုက်မှုဖြစ်ရပ်တုန်းက နယူးယောက်မြို့ကနေ ကားတစ်စီးငှား၊ အတူတူထွက်ပြေးခဲ့ကြတဲ့  Celebrity သုံးယောက် Michael Jackson နဲ့  Marlon Brando, Elizabeth Taylor တို့ရဲ့ ပေါက်ပေါက်ရှာရှာ တကယ်ဟုတ်မဟုတ်မသိတဲ့ ဖြစ်ရပ်ကိုပါ ဇာတ်လမ်းလုပ်ထားပါတယ်။ Brian Cox ၊ Aidan Gillen ၊ Stockard Channing ၊ Eddie Marsan ၊ Joseph Fiennes စတဲ့ နာမည်ကျော်တွေအများကြီးပါမယ့် ဒီUrban Myths ရဲ့ trailer ကတော့ အောက်မှာ ကြည့်ရှုနိုင်ပါတယ်။

 

About Admin

A random burmese nerd who loves to write about Anime/ Manga/ J-drama/ J-Movies and Jpop ...

Leave a Reply

Your email address will not be published. Required fields are marked *