Marvel ရုပ်ရှင်၏ အဓိကကျတဲ့ ဇာတ်ကောင်နေရာက ပါဝင်လာမည့် လန်နင်စတာ

Marvel ၏ လာမည့်  Avengers ရုပ်ရှင်နှစ်ခုမှာတော့ Game of Thrones စတားဖြစ်သူ ပါဝင်လာနိုင်တယ်လို့ သိရပါတယ်။ Variety သတင်းဌာနကတော့ Peter Dinklage(တီယွန်လန်နင်စတာ) ဟာ Avengers: Infinity War ရုပ်ရှင်၏ အဓိကနေရာအတွက် အကြိုစကားပြောဆိုမှုတွေ ရရှိခဲ့ပြီလို့ ဖော်ပြလာတာပါ။ Marvel ကတော့ အဆိုပါသတင်းနဲ့ ပက်သက်ပြီး အကြောင်းပြန်ဖို့ ငြင်းဆိုထားပါတယ်။

Peter Dinklage ပါဝင်တဲ့ GOT စီးရီး 7 ကို ဒီနှစ်ထဲမှာပဲ ထုတ်လွင့်မှာဖြစ်ပြီး အပိုင်း 7 ပိုင်း ပါဝင်မှာပါ။ ဒီစီးရီးဟာ တည်ဖြတ်မှုတွေစတင်နေခဲ့ပြီး ဂျူလိုင်လလောက်မှာ စတင်ပြသနိုင်မယ်လို့လည်း ခန့်မှန်းသတင်းတွေ ထွက်နေပါတယ်။

Infinity War ကိုတော့ 2018 မေလ 4 ရက်မှာ ထုတ်လွင့်မှာဖြစ်ပြီး နောက်ဆက်တွဲ ရုပ်ရှင်ကိုတော့ 2019 မေလ 3 ရက်မှာ ရုံတင်မယ်လို့ သိရပါတယ်။ Doctor Strange ဟာလည်း Avengers: Infinity War မှာ ပါဝင်လာမှာဖြစ်ပါတယ်။

About Kyitha Maung

Working as Game and Entertainment Editor for years in media. Active gamer, otaku and a comic nerd.

Leave a Reply

Your email address will not be published. Required fields are marked *