2

2017 မှာ စောင့်ကြည့်ရမယ့် ကိုရီးယားရုပ်ရှင်အချို့

2016 ခုနှစ်ဟာ ကိုရီးယားရုပ်ရှင်တွေအတွက် အမှတ်ရစရာ ရုပ်ရှင်ကောင်းတွေထွက်ရှိခဲ့တဲ့ နှစ်တစ်နှစ်ဆိုတာကိုတော့ သံသယရှိစရာမလိုပါဘူး။ ‘The Wailing’, ‘The Age of Shadows’, ‘Train to Busan’ တို့လို အာရှအတိုင်းအတာကို ကျော်လွန်ခဲ့တဲ့ ရုပ်ရှင်ကားကောင်းတွေနဲ့အတူ နိုင်ငံတကာမှာလည်း ကိုရီးယားရုပ်ရှင်တွေဟာ မျက်နှာပန်းလှခဲ့ပါတယ်။ အထင်ကရ ရုပ်ရှင်ပွဲတော်တွေမှာလည်း ကိုရီးယားရုပ်ရှင်တွေ အတော်များများဟာ ပါဝင်ပြသခွင့်တွေရပြီး မှတ်ချက်ကောင်းတွေရရှိခဲ့ပါသေးတယ်။

လာမဲ့ 12 လအတွင်းမှာလည်း ရုပ်ရှင်ပရိသတ်တွေကို ဆွဲဆောင်နိုင်အုံးမယ့် နောက်ထပ်သော ထုတ်ကုန်တွေ ကျန်ရှိလို့နေပါသေးတယ်။ အဆိုပါတွေထဲက 2017 မှာ ပေါက်နိုင်တဲ့ အချို့သော ရုပ်ရှင်တွေကို အမြည်းဖော်ပြမှာဖြစ်ပါတယ်။

‘Battleship Island’

1

ဒီကားဟာ 2017 အတွက် အလားအလာအရှိဆုံး ရုပ်ရှင်ကားတောင် ဖြစ်နိုင်ပါတယ်။ ကိုရီးယား၏ နာမည်ကျော်တွေဖြစ်တဲ့ Hwang Jung-min, Song Joong-ki, So Ji-sub တို့အပြင် မင်းသမီးချော Lee Jung-Hyun တို့ ပါဝင်ထားတာပါ။ ဒီကားကိုတော့ 2015 မှာ ထွက်ရှိခဲ့ပြီး အက်ရှင်နှင့် မှုခင်းအသားပေးဖြစ်တဲ့ Veteran ရုပ်ရှင် ဒါရိုက်တာဖြစ်သူ Ryoo Seung-wan က တာဝန်ယူရိုက်ကူးတာဖြစ်ပါတယ်။

‘Battleship Island’ ဟာ ဂျပန်ကိုလိုနီအချိန်အခါက ကျောက်မီးသွေးတူးဖော်ဖို့ရာ ကျွန်းကို အဓမ္မ ပို့ဆောင်ခြင်းခံရတဲ့ ကိုရီးယားလူမျိုးတွေကို ကယ်ဆယ်ဖို့ကြိုးစားရတဲ့ ဇာတ်လမ်းပဲဖြစ်ပါတယ်။ မင်းသားကြီး Hwang Jung-Min က သမီးဖြစ်သူကို ကာကွယ်နိုင်ဖို့ ဘာမဆိုကြိုးစားမယ့် ဖခင်အဖြစ်၊ So Ji-Sub က Kyungsung(ဆိုလ်းမြို့နာမည်ဟောင်း)၏ အတော်ဆုံးဖိုက်တာတစ်ယောက်ဖြစ်ပြီး ပြသနာပေါင်းစုံ ရှာဖွေတတ်ပေမယ့် ကြင်နာတတ်သူအဖြစ်၊ Song Joong-Ki ကတော့ ကိုရီးယားလွတ်မြောက်ရေးကြိုးပမ်းသူ အဖွဲ့ဝင်ဖြစ်ပြီး အခြားသောအဖွဲ့ဝင်တွေနဲ့အတူ ကျွန်းကိုဝင်ရောက်ပြီး ကိုရီးယားလူမျိုးတွေ လွတ်မြောက်အောင် ကြိုးစားတဲ့ လွတ်လပ်ရေး အဖွဲ့ဝင်အဖြစ် ပါဝင်သရုပ်ဆောင်သွားမှာပါ။

DOTS နောက်ပိုင်း Song Joong-Ki ဇောက်ချကြိုးစားနေတဲ့ ရုပ်ရှင်ဖြစ်သလို ၀ါရင့်မင်းသားတွေဖြစ်တဲ့ Hwang Jung-min, So Ji-sub တို့ကြောင့် ကိုးရီးယားပြည်တွင်းမှာတော့ အတော်ကို စောင့်မျှော်ခံနေရတဲ့ ရုပ်ရှင်ဖြစ်ပြီး ရိုက်ကူးရေးကာလ ၇ လကျော် ကြာမြင်မှုရှိနေတဲ့ သမိုင်းနောက်ခံ ဒရာမာရုပ်ရှင်ဖြစ်ပါတယ်။ ဒီနွေမှာ ရုံတင်မယ်လို့ သိရပါတယ်။

‘The King’

1 - Copy
‘The King’ ရုပ်ရှင်ဟာ ကိုရီးယားနိုင်ငံရေး အားကောင်းလာတဲ့ 90 ခုနှစ် အချိန်ကို ဇာတ်အိမ်တည် ရိုက်ကူးထားတာပါ။ ဒါရိုက်တာ Han Jae-rim ရိုက်ကူးပြီး Jung Woo-sung နဲ့ Jo In-sung တို့ ပါဝင်ထားပါတယ်။ ဒီကား ‘Inside Men’, ‘A Violent Prosecutor’ ရုပ်ရှင်တွေလိုပဲ ရှေ့နေတွေရဲ့ အားပြိုင်မှုတွေကို တရားရေးရာ၊ နိုင်ငံရေးခြေရှုပ်မှုတွေနဲ့ ပေါင်းစပ်ရိုက်ကူးထားတာပါ။ ရာထူးဂုဏ်တွေရဲ့ အရသာကို မြည်းစမ်းနိုင်ခဲ့ပြီး အာဏာ၏ ချိုမြိန်မှုကို သာယာတတ်ခဲ့ရာမှာတော့ လုပ်ပိုင်ခွင့်တွေရဖို့ အပြိုင်ကြိုးစားကြပုံတွေကို ရိုက်ကူးထားတာပါ။

Park Tae-soo ဟာ ဆင်းရဲတဲ့မိသားစု မွေးဖွားလာသူဖြစ်ပြီး နာမည်ကျော် အစိုးရရှေ့နေတစ်ယောက်ဖြစ်ဖို့ ဆုံးဖြတ်ထားသူပါ။ ဘ၀မှာ အရေးကြီးဆုံးကတော့ အာဏာလို့ ခံယူထားသူဖြစ်ပါတယ်။ တောင်ကိုရီးယား၏ အကောင်းဆုံးတက္ကသိုလ်ကို တက်ရောက်နိုင်ခဲ့ပြီး ရည်မှန်းချက်အတိုင်း ရှေ့နေတစ်ယောက်ဖြစ်လာခဲ့ပေမယ့် သာမာန်လခစားတစ်ယောက်အနေနဲ့ သူ့ရဲ့ဘ၀က ထူးခြားမလာခဲ့ပါဘူး။ ဒီလိုနဲ့ Park Tae-soo ဟာ ကြွယ်ဝပြီး လုပ်ပိုင်ခွင့်ရှိတဲ့ ရှေ့နေ့အဖွဲ့ထံ ဆက်သွယ်ဝင်ရောက်နိုင်ခဲ့ပါတယ်။ အဆိုပါအဖွဲ့၏ အသက်အငယ်ဆုံး ရှေ့နေတစ်ယောက်ဖြစ်လာခဲ့ပါတယ်။ ရှေ့နေလောကမှာ ဘုရင်တပါးလို သြဇာကြီးတဲ့ Han Kang Sik နဲ့ တွေ့ဆုံမိချိန်မှာတော့ အရာအားလုံးက အပြောင်းအလဲတွေဖြစ်ခဲ့တယ်။ Tae-soo ဟာ Han Kang Sik သြဇာရှိခြင်း၏ နောက်ကွယ်က အကြောင်းအရာကို ဖော်ထုတ်နိုင်ဖို့ ကြိုးစားခဲ့ပြီး 90 ခုနှစ်တွေက အစိုးရရှေ့နေတွေ၏ လုပ်ပိုင်ခွင့်အတွက် ပြိုင်ဆိုင်ကြပုံတွေကို မြင်တွေ့ရမှာဖြစ်ပါတယ်။

‘The King’ ရုပ်ရှင်ကို ဖေဖော်ဝါရီ 4 ရက်နေ့မှာ စတင်ရုံတင်မယ်လို့ သိရပါတယ်။

‘Cooperation’

3 - Copy

‘Cooperation’ ကတော့ ဒီလ 18 မှာ ရုံတင်မယ့် အက်ရှင်အသားပေး ကိုရီးယားရုပ်ရှင်ပါ။ Confidential Assignment လို့လည်း သိကြပါတယ်။ ဒါရိုက်တာ Kim Sung-hoon ရိုက်ကူးပြီး မင်းသား Hyun Bin နဲ့ Yoo Hae-jin တို့ အဓိကပါဝင်ထားပါတယ်။ Im Yoon-ah လည်း ပါဝင်တယ်လို့ သိရပါတယ်။

မြောက်ကိုရီးယားမှ အထူးလေ့ကျင့်ထားတဲ့ စုံစမ်းရေးမှူး Im Cheol-ryung(Hyun Bin) ဟာ တောင်ဘက်ကို ခိုလုံသွားတဲ့ ရာဇ၀တ်မှုအဖွဲ့ခေါင်းဆောင်ကို ဖမ်းဆီးဖို့ရာ တောင်ကိုရီးယားကို စေလွှတ်ခြင်း ခံရပါတယ်။ Im Cheol-ryung ဟာ တောင်ကိုရီးယား စုံထောက် Kang Jin-Tae(Yu Hae-Jin) နဲ့ ပူးပေါင်းပြီး တောင်ကိုရီးယားနိုင်ငံထဲမှာ ပုန်းအောင်းနေတဲ့ ရာဇ၀တ်မှုခေါင်းဆောင်ကို ဖမ်းဖို့ရာ ကြိုးစားရမှာပါ။ ကိုရီးယားနှစ်နိုင်ငံကြားမှာ မှုခင်းနှိမ်နင်းရေးအတွက် ပထမဆုံးအကြိမ် ပူးပေါင်းဆောင်ရွယ်ကြပုံတွေကို ရိုက်ကူးပုံဖော်ထားတာဖြစ်ပါတယ်။

‘VIP’

2 - Copy

‘New World’,’The Tiger’ ရုပ်ရှင်တို့၏ ဒါရိုက်တာ Park Hoon-jung ၏ နောက်ထပ် လက်ရာကောင်းပါ။ မြောက်ကိုရီးယား ထိပ်ပိုင်းခေါင်းဆောင်တစ်ဦး၏ သားဖြစ်သူ Gwang-il ဟာ ကမ္ဘာအနှံ့က အတွဲလိုက်လူသတ်မှုတွေကို ကျူးလွန်သူပါလို့ သံသယရှိခြင်းခံရသူပါ။ လူသတ်ကောင်ကို တားဆီးဖို့ရာ တောင်၊ မြောက် ကိုရီးယားအာဏာပိုင်တွေနဲ့ အင်တာပိုအဖွဲ့တို့ဟာ Gwang-il ကို လိုက်လံဖမ်းဆီးကြတာဖြစ်ပါတယ်။

ဟောလီးဝုဒ်-ကိုရီးယားပူးပေါင်းထုတ်လုပ်တဲ့ ကားတွေဖြစ်တဲ့ ‘The Age of Shadows’, ‘The Wailing’ တို့လိုပဲ ‘VIP’ ဟာလည်း Warner Bros နဲ့ ပူးပေါင်းဖြန့်ချိမှာပါ။ ဒီနှစ်ထဲမှာပဲ လီဗြောင်ဟွန်းပါဝင်တဲ့ ‘Single Rider’ အမည်ရ ရုပ်ရှင်ကို Warner Bros ကပဲ ကိုရီးယားထုတ်လုပ်ရေးနဲ့ ပူးပေါင်းပြီး ဖြန့်ချီပါအုံးမယ်။

– ဟန်သာ

About Kyitha Maung

Working as Game and Entertainment Editor for years in media. Active gamer, otaku and a comic nerd.

Leave a Reply

Your email address will not be published. Required fields are marked *