‘Mad Max’ ရုပ်ရှင် နောက်ဆက်တွဲအတွက် ကမ်းလှမ်းလာမှာကို မျှော်လင့်နေတဲ့ Tom Hardy

လွန်ခဲ့တဲ့ နှစ်နှစ်လောက်က ထွက်ရှိထားတဲ့ Mad Max: Fury Road ၏ နောက်ဆက်တွဲ Mad Max ရုပ်ရှင်မှာ ပါဝင်လိုတယ်လို့ မင်းသား Hardy က ၀န်ခံပြောဆိုလိုက်ပါတယ်။ Fury Road ရုပ်ရှင်ဟာ မင်းသား Hardy ပါဝင်ရိုက်ကူးပြီး ကြီးကြီးမားမား အောင်မြင်မှုတွေရခဲ့တဲ့ ရုပ်ရှင်လည်းဖြစ်ပါတယ်။

ထွက်ရှိထားတဲ့ အချို့သောသတင်းတွေမှာတော့ Fury Road ၏ နောက်ဆက်တွဲ ရုပ်ရှင်ကို Mad Max: The Wasteland နာမည်နဲ့ ထပ်မံရိုက်ကူးမှာဖြစ်ပြီး Theron ၏ ကာရိုက်တာကို အဓိက ရိုက်ကူးပုံဖော်မှာဖြစ်တယ်လို့ ဖော်ပြထားတာပါ။ ” နောက်ဆက်တွဲရုပ်ရှင် ရိုက်ကူးမယ်လို့ ကျနော်ကတော့ ယုံပါတယ် ” လို့ Hardy ကတော့ TheWrap နှင့် အင်တာဗျူးမှာ ပြောပါတယ်။ ” ဘယ်အချိန်လောက် စမယ်ဆိုတာမသိပေမယ့် စာအုပ်တွေတိုင်းဆိုရင် ရုပ်ရှင်တွေ ထပ်ရိုက်ဖို့ရှိနေသေးတယ်လေ။ ဒီကားအတွက် ဖုန်းခေါ်လာမှာမျိုးကို ကျနော် စောင့်နေပါတယ်။ ထပ်ရိုက်ဖြစ်မယ်ဆိုရင်တော့ သိပ်ကောင်းမှာပါ” လို့ ဖြေဆိုခဲ့သေးတာပါ။

Mad Max: Fury Road ၏ ဒါရိုက်တာ George Miller ကတော့ နောက်ဆက်တွဲရုပ်ရှင်ကို တာဝန်ယူရိုက်ကူးဖို့က မဖြစ်နိုင်သေးပဲ သူ့မှာ အခြားဇာတ်လမ်းနှစ်ခုလောက် ရိုက်ကူးဖို့ရှိနေတယ်လို့တော့ ငြင်းဆန်ထားပါတယ်။ Mad Max: Fury Road ရုပ်ရှင်ဟာ အော်စကာဆု (6) ဆုထိ ရရှိခဲ့ပြီး ၀င်ငွေ ဒေါ်လာ 378 သန်းကျော်ရခဲ့ကာ ရုပ်ရှင်ဝေန်ရေးဆိုဒ်ဖြစ်တဲ့ Rotten Tomatoes မှာ Rating (97%) အထိ ရရှိခဲ့ပါတယ်။ Warner Bros ကတော့ နောက်ဆက်တွဲရုပ်ရှင် ရိုက်ကူးဖို့ရာ တရားဝင်ကြေညာလာတာမျိုး မရှိသေးပါဘူး။

ဟန်သာ

About Kyitha Maung

Working as Game and Entertainment Editor for years in media. Active gamer, otaku and a comic nerd.

Leave a Reply

Your email address will not be published. Required fields are marked *