ဇန်န၀ါရီ ဒုတိယအပတ်မှာ စတင်ရုံတင်နေပြီဖြစ်တဲ့ Underworld ရုပ်ရှင်အသစ်

Underworld ရုပ်ရှင်တွေ၏ ငါးကားမြောက်ဖြစ်တဲ့ Underworld: Blood Wars ကို ဒီလ 6 ရက်နေ့မှာ စတင် ရုံတင်ခဲ့ပါတယ်။ ဒီကားဟာ 2012 မှာ ထွက်ရှိခဲ့တဲ့ Underworld: Awakening ၏ နောက်ဆက်တွဲလည်း ဖြစ်ပါတယ်။ Selene နေရာအတွက် အဓိကမင်းသမီး Kate Beckinsale နဲ့အတူ အဓိက သရုပ်ဆောင်တွေဖြစ်တဲ့ Theo James, Lara Pulver, James Faulkner, Charles Dance တို့ ပြန်လည်ပါဝင်လာပါတယ်။

Theo James ဟာ Selene ၏ မိတ်ဆွေဖြစ်သူ David နေရာက၊ Charles Dance က သောမက်စ်အဖြစ်၊ Lycan ခေါင်းဆောင်သစ်အဖြစ် Tobias Menzies နဲ့ Lara Pulver(ဗမ်ပိုင်ယာ) နေရာတွေကနေ ပြန်ပါလာပါတယ်။ Lycan အဖွဲ့နဲ့ ဗမ်ပိုင်ယာကြားက မဆုံးမသတ်နိုင်တဲ့ စစ်ပွဲကြားမှာ Selene ဟာ ရန်သူ Lycan သာမက သူမကို သစ္စာဖောက်သူတွေကိုပါ ရင်ဆိုင် တိုက်ခိုက်ရတော့မှာပါ။ David နဲ့ ဖခင်ဖြစ်သူ Thomas တို့သာ ယုံကြည်ရာရှိတဲ့ Selene ဟာ စစ်ပွဲကြီးကို ရပ်တန့်ဖို့ အဆုံးစွန်သော စွန့်လွှတ်မှုတွေကို ပြုလုပ်ဖို့ လိုအပ်လာမှာဖြစ်ပါတယ်။

ဒါရိုက်တာ Anna Foerster ဟာ သူ၏ ပထမဆုံးရုပ်ရှင်အဖြစ် Underworld: Blood Wars ရုပ်ရှင်ကို Lakeshore Entertainment ထုတ်လုပ်ရေးအတွက် ရိုက်ကူးပေးရတာပါ။ ဒီကားဟာ Sci-Fi Action အမျိုးအစားဖြစ်ပြီး ဒီအပတ် boxoffice ၏ နံပါတ် 4 နေရာမှာ ရပ်တည်နေပါတယ်။

ဟန်သာ

About Kyitha Maung

Working as Game and Entertainment Editor for years in media. Active gamer, otaku and a comic nerd.

Leave a Reply

Your email address will not be published. Required fields are marked *