naruto-movie-1579129991

Naruto ရုပ်ရှင်ကားများအညွှန်း

Masashi Kishimoto ဆိုတဲ့ တက်သစ်စမန်ဂါဆရာတစ်ယောက်ဟာ Narutoအမည်ရ တစ်ခန်းရပ် မန်ဂတ်လမ်းကို Akamaru Jump လို့ခေါ်တဲ့ မန်ဂရေးဆရာပေါက်စတွေရဲ့လက်ရာတွေကို ထည့်ပေးတဲ့ မဂ္ဂဇင်းဆီ ၁၉၉၇ခုနှစ် က ပေးပို့ခဲ့ပါတယ်။ ဒီထဲမှာ ရွာကိုဖျက်ဆီးခဲ့တဲ့ မကောင်းဆိုးဝါးမြေခွေးကြီး ရဲ့သားဖြစ်သူ Naruto ဆိုတဲ့ကောင်လေးဟာ သူရွာရဲ့ အသိအမှတ်ပြုမှုကိုရဖို့ရုန်းကန်းကြိုးစား ပုံကိုရေးသားထားတယ်။ ထုံးစံအတိုင်း လူငယ်အကြိုက်ဖြစ်မယ့် အက်ရှင်ဇာတ်လမ်းလေးပေါ့။ နောက်တော့ ဒီဇာတ်လမ်းတိုဟာ အရွေးချယ်ခံခဲ့ရပြီး၊ နာမည်ကြီး Shonen JUMP Weekly မှာ အပတ်စဉ်ပါခွင့်ရသွားပါတော့တယ်။ အခုချိန်မှာတော့ Naruto ဟာ တစ်ကမ္ဘာလုံးအတိုင်းအတာနဲ့ လူသိများအထင်ရှားဆုံး အနိမဲ၊ မန်ဂ တစ်ခု ဖြစ်နေပါပြီ။ Naruto ရဲ့အောင်မြင်မှုနဲ့အတူ လိုက်ပါလာတာကတော့ ဝင်ငွေသောက်သောက်လဲ ရတဲ့ ရုပ်ရှင်ဇာတ်ကားတွေပါပဲ။
မူရင်းစီးရီးနဲ့ဆက်စပ်မှုမရှိတဲ့ သီးခြားဇာတ်လမ်းကိုယ်စီကိုရိုက်ကူးထားတဲ့ဒီရုပ်ရှင်ဇာတ်ကားတွေဟာ ၂၀၀၄ခုနှစ်ကစလို့ တစ်နှစ်ကို တစ်ကားနီးပါး ပုံမှန်ရုံတင်လာခဲ့ပြီး၊ ခုချိန်ထိဆိုရင်တော့ စုစုပေါင်း ၁၁ ကား ရှိပြီ ဖြစ်ပါတယ်။

 

1-Naruto the Movie: Ninja Clash in the Land of Snow

naruto_movie_1
ပထမဆုံးထွက်ရှိခဲ့တဲ့ရုပ်ရှင်ဇာတ်ကားဖြစ်ပြီး ယန်း၁.၃၇ဘီလီယံဝင်ငွေနဲ့အတူ Boruto မတိုင်ခင်အထိဝင်ငွေအကောင်းဆုံး နာရူတိုရုပ်ရှင်ဖြစ်ခဲ့ပါတယ်။ ဇာတ်လမ်းကတော့ရုပ်ရှင်မင်းသမီးတစ်ယောက်ရဲ့အသက်ဘေးကိုကာကွယ်ဖို့ Naruto၊ Sasuke၊ Sakura နဲ့ Kakashi တို့ပါဝင်တဲ့ Team 7က တာဝန်ယူရပုံဖြစ်ပါတယ်။ Team 7ကိုစုံစုံညီညီတွေ့နိုင်တဲ့ပထမဆုံးနဲ့နောက်ဆုံး ရုပ်ရှင်ဆိုလဲမမှားပါဘူး။

2-Naruto the Movie: Legend of the Stone of Gelel

p183826_d_v8_aa
၂၀၀၅ခုနှစ်မှာဆက်လက်ထက်ရှိလာတဲ့ဒီရုပ်ရှင်မှာတော့သဲဖုံးရွာ Sunagakure ကိုအမျိုးအမည်မသိသံချပ်ဝတ်စစ်သည်တွေကကျူးကျော်လာတဲ့အခါ ဂါးရာတို့ အဖွဲ့နဲ့အတူ Naruto၊ Sakura၊ Shikamaru အစရှိတဲ့ ကိုနိုဟာမှအဖွဲ့ တို့ ပူးပေါင်းပြီး တိုက်ခိုက်ကာကွယ်ကြရပုံတွေကို ရိုက်ကူးထားပါတယ်။ Naruto Fandom အကြားမှာတော့ ဒီကားဟာ နောက်လာမယ့် Movie 3 နဲ့အတူ လူမကြိုက်တဲ့ကားတွေအဖြစ် စာရင်းဝင်လေ့ရှိပါတယ်။

3-Naruto the Movie: Guardians of the Crescent Moon Kingdom

p190740_d_v8_aa

၂၀၀၆မှာ ထွက်ရှိခဲ့တဲ့ ဒီဇာတ်ကားဟာ Naruto အငယ်ပိုင်းရဲ့ နောက်ဆုံးဇာတ်ကားဖြစ်ပြီး Naruto နာရူတိုတို့Team 7 ရယ် (Sasuke မပါ)၊  Rock Lee့ ဟာ လမင်းတိုင်းပြည်ရဲ့အိမ်ရှေ့စံမင်းသမီးကိုကာကွယ်ဖို့တာဝန်ယူရပါတယ်။ Naruto တို့ကိုခါတိုင်း
နဲ့မတူတဲ့ဒီဇိုင်းအသစ်(သိပ်တော့မထူးလှပါဘူး)နဲ့တွေ့ရမှာဖြစ်သလို နောက်ဆုံးခန်းမှာ အထူးအဆန်းရာဆန်းဂန်းကိုလဲကြည့်ကြရမှာဖြစ်ပါတယ်။

4-Naruto Shippuden the Movie

p7868823_p_v8_aa
Shippudenရဲ့ပထမဆုံးရုပ်ရှင်ဖြစ်တဲ့ဒီဇာတ်ကားကို ၂၀၀၇ခုနှစ်မှာရုံတင်ခဲ့တယ်။အစမှာတင် Naruto ရဲ့အသုဘနဲ့စဖွင့်ပြီး(တော်တော်လေးလှတဲ့နိဒါန်း) နောက်ကြောင်းပြန်ပြတာက Naruto နဲ့ သူရဲ့အဖွဲ့တစ်ခုသောတိုင်းပြည်တစ်ပြည်က နတ်ဆရာမလေး Shion ကို ကာကွယ်ကြရတဲ့ missionအကြောင်းပါ။ (ထုံးစံအတိုင်း) ..ဒီတော့နောက်ဆုံးမှာနာရူတိုတကယ်အသုဘဖြစ်မလား အသက်ရှင်အောင်ပွဲရမလားဆိုတာတော့ ရင်မခုန်စွာနဲ့စောင့်ကြည့်နိုင်ကြပါတယ်။

5-Naruto Shippuden the Movie: Bonds

p8882156_d_v8_aa
ဒီ ၂၀၀၈ ခုနှစ် ရုပ်ရှင်ကတော့ မထွက်ခင်Trailerတွေနဲ့တင်လူတွေကိုတော်တော်ဖမ်းစားနိုင်ခဲ့ပါတယ်။ ဘာလို့ဆို Konoha ကထွက်ပြေးသွားတဲ့လူမိုက်ကြီး Sasuke နဲ့ Naruto တို့ဟာအတူယှဉ်တွဲပြီးတိုက်ခိုက်နေကြလို့ပါပဲ။ ဇာတ်လမ်းကတော့ Konohaရွာကြီးကိုအမျိုးအမည်မသိရန်သူတွေက လေကြောင်းကနေဗုံးကြဲတိုက်ခိုက်ခဲ့တဲ့အခါ ဒီရန်သူတွေကိုချေမှုန်းဖို့ Konohaရဲ့မင်းသားကြီးများကကြိုးစားရတာပေါ့။ ရန်သူရဲ့စခန်းအလယ် အဓိကဗီလိန်ရဲ့ရှေ့မှောက်မှာရောက်နေတုံး Naruto ဘက်ကနေ ကူညီဖို့ ပေါ်လာသူကတော့ .. အချစ်ဟောင်းကြီး Sasuke ပေါ့။

6-Naruto Shippuden the Movie: The Will of Fire

9844
Naruto မန်ဂစီးရီး ရဲ့ ၁၀နှစ်ပြည့်အခါသမယမှာထွက်ရှိလာတဲ့ဇာတ်ကားဖြစ်ပါတယ်။ အုပ်စုတစ်စုရဲ့ကြားက ဖျက်ဆီးသွေးထိုးမှုကြောင့်
စတုတ္ထနင်ဂျာစစ်ပွဲကြီးဖြစ်အံ့ဆဲမှာ Konoha ကိုနိုဟာရဲ့ rookie ၁၁ယောက်(Naruto နဲ့အပေါင်းအပါများပေါ့) က ကမ္ဘာကြီးကိုကယ်တင်ဖို့  ရန်သူကိုအနိုင်ယူရမှာပါ ။ Konoha 11 လို့ ခေါ်ကြတဲ့ Naruto စီးရီးအဓိကဇာတ်ကောင်တွေ အကုန်လုံးစုစည်းတိုက်ခိုက်ကြတာကိုကြည့်ရမယ့်တစ်ခုတည်းသောဇာတ်ကားဖြစ်ပြီး တခြားရုပ်ရှင်တွေနဲ့ကွဲပြားတဲ့ဇာတ်လမ်းကိုတွေ့ကြရမှာပါ။

7-Naruto Shippuden The Movie: The Lost Tower

maxresdefault
ဒီရုပ်ရှင်ကလဲ မထွက်ခင်ကတည်းကနာမည်ကြီးနေတဲ့ထဲမှာပါခဲ့ပါတယ်။ Naruto နဲ့သူ့ဖခင် Minato တို့ကိုအတူတူတွေ့လိုက်ရတဲ့အခါလူတိုင်းကြည့်ချင်ကြတာ မဆန်းပါဘူး။ ၀ရမ်းပြေးတစ်ယောက်ကိုလိုက်လံဖမ်းဆီးရင်းနဲ့ မတော်တဆဖြစ်ရပ်တစ်ခုကြောင့် Naruto ဟာ အချိန်ပြောင်းပြန်ခရီးသွားပြီး၊ လွန်ခဲ့တဲ့အနှစ်နှစ်ဆယ်အတိတ်ကာလကိုရောက်ရှိသွားတယ်။ အဲဒီကာလမှာ သူတို့လိုက်လံဖမ်းဆီးနေတဲ့တရားခံကိုပဲသူဖခင် Minato မီနာတိုနဲ့အဖွဲ့ကလဲ ဖမ်းဆီးဖို့ကြိုးစားနေကြတဲ့အခါ … ကြုံတောင့်ကြုံခဲကြည့်ရမယ့် Naruto နဲ့ Minato တို့ ပူးပေါင်းတိုက်ခိုက်ခန်းတွေကို ကြည့်ရမှာပါ။ (အနည်းဆုံးတော့ အဲဒီတုန်းကပေါ့။ Minato က Edo tensei နဲ့ ပြန်ထွက်မလာသေးဘူးလေ။)

8-Naruto the Movie: Blood Prison

p10067473_d_v8_aa
Naruto ထောင်ထဲရောက်သွားပါတယ်။ဒီတော့ သူ့အပေါ်မတရားစွဲချက်တင်ခံထားရတာတွေကိုချေဖျက်ပြီး တရားခံအစစ်ကို ဘယ်လိုဖော်ထုတ်မလဲဆိုတာ ကို ဒီ၂၀၁၁ခုနှစ်ထွက်ရုပ်ရှင်မှာ ဇာတ်လမ်းပြုထားပါတယ်။တော်တော်လေး ဆန်းတဲ့ဇာတ်လမ်းကြောင့် အရမ်းစိတ်ဝင်စားကြတာပေါ့။ Naruto နဲ့ Prison Break တွဲကြည့်ရမယ့် အခွင့်အရေးလေ။

9-Road to Ninja: Naruto the Movie

images

၂၀၁၂ခုနှစ်မှာ ရုံတင်ခဲ့တဲ့ ဒီဇာတ်ကားဟာ Naruto Anime ရုပ်သံစီးရီး ဆယ်နှစ်ပြည့်အထိမ်းအမှတ်အဖြစ် အထူးထုတ်ဆိုပြီး၊ ပြသခဲ့တာ ဖြစ်ပါတယ်။ ဇာတ်လမ်းအနေနဲ့လည်း အဓိကဇာတ်ကောင်များစွာ (Naruto မိဘ Minato နဲ့ Kushina တို့လို သေပြီးသား ဇာတ်ကောင်တွေအပါအဝင်) အကျင့်စရိုက်တွေ ပြောင်းပြန်ဖြစ်နေတဲ့ Alternate Universe ဆီ Naruto နဲ့ Sakura တို့ ရောက်သွားတယ်ဆိုတဲ့ ဇာတ်လမ်းအဆန်းကြောင့် ပိုပြီး အသစ်အဆန်းဖြစ်ခဲ့ပါတယ်။ မူရင်းဖန်တီးရှင် Kishimoto က ဇာတ်ကောင်ဒီဇိုင်းတွေနဲ့ ဇာတ်လမ်းကျောရိုး ဖန်တီးပေးခဲ့ပါတယ်။ တစ်ခုသတိထားမိစရာကတော့ ဒီဇာတ်ကားရဲ့ဇာတ်ညွှန်းကို ရေးသားခဲ့သူ Miyata Yuka ဟာ Naruto Filler အပိုင်းတွေရေးသားတဲ့အခါ Naruto နဲ့ Sakura တို့ကို တော်တော်လေးတွဲပေးလေ့ရှိသူဖြစ်ပြီး၊ အခု ဒီ Road to Ninja ဇာတ်ကားမှာလည်း Naruto/Sakura တို့ကို တော်တော်လေးတွဲပေးထားပါတာပါ။

ဝင်ငွေပိုင်းအရ Road to Ninja ဟာ ရှေ့က စံချိန်တွေအကုန်ချိုးပြီး၊ ပထမဆုံး Ninja Clash in the Land of Snow ကို ကျော်တက်နိုင်ခဲ့ပါတယ်။

10- The Last: Naruto the Movie

images (1)

Road to Ninja ပြီးတော့ တစ်နှစ်တစ်ခါ ရုပ်ရှင်ကားသစ်တင်တဲ့ အစဉ်အလာလည်း ပျက်သွားခဲ့ပြီး၊ ၁၀ ကားမြောက် Naruto ရုပ်ရှင်ဇာတ်ကား ဟာ ၂၀၁၄ခုနှစ် Naruto ပင်မမန်ဂစီးရီးကြီး ဇာတ်သိမ်းသွားတော့မှ ထွက်ရှိလာခဲ့တယ်။ Naruto ဇာတ်သိမ်းပိုင်း (အပိုင်း ၆၉၉) ရဲ့ တိုက်ရိုက်အဆက်အဖြစ် ရိုက်ကူးထားတဲ့ ဒီဇာတ်ကားကတော့ လူတိုင်းစိတ်ဝင်စားကြတဲ့ Naruto ရဲ့ အချစ်ဇာတ်လမ်းကို အထူးအသားပေးထားပါတယ်။ တစ်သက်လုံး အချစ်ဇာတ်လမ်းရေးရမှာ ရှက်လာခဲ့တဲ့ Kishimoto တစ်ယောက် ဒီဇာတ်ကားအတွက်တော့ မီးကုန်ယမ်းကုန် ရိုမန်တစ်ခဲ့ရပြီး၊ Naruto+Hinata ပရိသတ်တွေအတွက်တော့ အိပ်မက်ဆန်ဆန် ပျော်ရွှင်ရမယ့် အတွေ့အကြုံတစ်ခုပါပဲ။ ဝင်ငွေ ယန်း ၂ဘီလျံရရှိခဲ့တဲ့ ဒီဇာတ်ကားဟာ ရှေ့က Road to Ninja ဆီကနေ ဝင်ငွေအကောင်းဆုံးဘွဲ့ကို ဆက်ခံခဲ့ပါတယ်။

11 – Boruto : Naruto the Movie

Boruto_Naruto_the_Movie_poster

၂၀၁၅ခုနှစ်မှာ ပြသခဲ့တဲ့ ဒီဇာတ်ကားကတော့ The Last ရဲ့ တိုက်ရိုက်အဆက် ဒါမှမဟုတ် Naruto မန်ဂ အပိုင်း ၇၀၀ ရဲ့ အဆက် လို့ြေ့ပာလို့ရပါပြီ။

ခေတ်တွေ ပြောင်းလဲခဲ့ပါပြီ။ အရင် Hokage ရုပ်ကြီးတွေမှာ ပေါက်ကရလျှောက်ဆွဲခဲ့တဲ့ ကောင်လေးဟာ သူကိုယ်တိုင် အဆိုအရုပ်ကြီးတွေနေရာ ရောက်လာခဲ့ပြီး ၊ Konoha ရွာကို ဦးဆောင်နေတဲ့ Hokage တစ်ယောက် ဖြစ်လာခဲ့ပြီ။ ဒါပေမယ့် သူ့ရဲ့သားဖြစ်သူ Uzumaki Boruto ကတော့ အဖေဖြစ်သူနဲ့ Hokage အပေါ်မြင်တဲ့အမြင်ချင်း မတူပါဘူး။ ငြိမ်းချမ်းတဲ့ခေတ်မှာ မွေးဖွားလာတဲ့ Boruto အတွက် Hokage ရာထူးဟာ သူ့အဖေဖြစ်သူ သူ့အတွက်အချိန်မပေးနိုင်အောင် လုယူထားတဲ့ ပကာသနသက်သက်ပါပဲ။ Boruto တစ်ယောက် သူ့အဖေ အမွေပေးချင်တဲ့ နင်ဂျာ (ရှိနိုဘီ) စိတ်ဓာတ်ကို ဆက်ခံနိုင်ပါ့မလား။

ဘာလို့ ဒီကားကိုမှ ဖွဲ့နွဲ့ရေးနေရသလဲ အကြာင်းရှိပါတယ်။ Boruto ဇာတ်ကားဟာ Naruto စီးရီးကို ကလေးအရွယ်ကတည်းက ကြိုက်လာခဲ့တဲ့ ပရိသတ်တစ်ယောက်အနေနဲ့ဆိုရင်တော့ ဒီမန်ဂရုပ်ပြဟာ ကိုယ်နဲ့အတူ လိုက်ပါကြီးပြင်းလာတယ်လို့ ခံစားချက်မျိုး ရစေမယ့် ဇာတ်ကားလေးတစ်ကားပါပဲ။ ဒေါ်လာ သန်း၄၀ကျော်ရရှိခဲ့တဲ့ဒီဇာတ်ကားကတော့ ခုချိန်ထိ ဝင်ငွေအကောင်းဆုံး Naruto ရုပ်ရှင်ဇာတ်ကားတစ်ကားပါပဲ။

 

About Soe Nyein Oo

A random burmese nerd who loves to write about Anime/ Manga/ J-drama/ J-Movies and Jpop ...

Leave a Reply

Your email address will not be published. Required fields are marked *